ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မအူပင်ခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာများနှင့် ပရဟိတ ဂေဟာများအား ထောက်ပံငွေပေးအပ်

မအူပင်  စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးချိန်တွင် လူမှုဘဝတိုးတက် မြင့်မားရေးအတွက် မအူပင်ခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများတွင် မှီခိုနေထိုင်သည့် အဘိုးအဘွားများအား ထောက်ပံငွေပေးအပ်ပွဲကို မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီကကျင်းပသည်။

ထောက်ပံငွေ ပေးအပ်ရာတွင် မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်က ထောက်ပံငွေ ပေးအပ်ရခြင်းကို အဖွင့်ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်တင်တင်ဝါက ကိုဗစ်-၁၉ကာလအတွင်း မအူပင်ခရိုင်နှင့် ခရိုင်အတွင်းရှိ ဓနုဖြူမြို့နယ်ရှိ ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများတွင် မှီခိုနေထိုင်သည့် အဘိုးအဘွား များအား ထောက်ပံငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မအူပင်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူတို့က မအူပင်မြို့နယ် ဘိုးဘွားရိပ်သာမှ အဘိုးအဘွား(၄၈)ဦး၊ ဓနုဖြူမြို့နယ် အောင်ချမ်းသာလူငယ်ဖွံဖြိုးတိုးတက်ရေး ပရဟိတဂေဟာမှ(၁၅၃)ဦး၊ဓနုဖြူမြို့နယ် လှေလမ်းကျေးရွာ ဗုဒ္ဓရောင်ခြည်ပရဟိတဂေဟာမှ(၇၅)ဦးအတွက် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးကာလအတွက် ထပ်ဆင့်ထောက်ပံ့ငွေတစ်ဦးလျှင် ၁၅၀၀၀နှုန်းဖြင့် စုစုပေါင်း(၂၇၆)ဦးအတွက် ကျပ် (၄၁၄၀၀၀၀) သိန်း အားထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ခိုင်(မအူပင်)