မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးသန့်စင်ခ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

နွားထိုးကြီး စက်တင်ဘာ ၁၄

နွားထိုးကြီးမြို့၊စိုက်ပျိုးရေးဦးစီးဌာန မြို့မ-KCစင်တာတွင်  ကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် မိုစပါးမျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက်သည့် တောင်သူ ၉ ဦး တို့အား မျိုးကွဲပယ်စရိတ်နှင့်မျိုးသန့်စင်ခ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့၊နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ထားနွယ်မှ ကိုဗစ်-၁၉ ကာလစီးပွားရေး ကုစားမှုအစီအစဉ်မှ တိုင်း ဒေသကြီး နှင့်ပြည်နယ်များတွင် မိုးစပါးဧက(၁)သိန်းစိုက်ပျိုးပြီး၊ နွားထိုးကြီး မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်ဘဏ္ဌာရေးနှစ်တွင် (၁၅)ဧက စိုက်ပျိုးခဲ့ကြောင်း၊စိုက်ပျိုး ထုတ်လုပ်ရာ တွင် အဓိကလိုအပ်ချက်သည် သွင်းအားစု မျိုးကောင်း မျိုးသန့် မျိုးစေ့များ အား တောင်သူများ လိုအပ်သည့် ပမာဏကို လိုအပ်သည့်အချိန်တွင် ရရှိအသုံးပြုနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူများအပေါ် ထိခိုက်မှုမရှိစေရေး ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်၊ အလုပ် အကိုင် အခွင့်အလမ်း များဖန်တီးပေး နိုင်ရန် တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား (၁)ဧကလျှင် မျိုးကွဲပယ်စရိတ် (၅၀၀၀)ကျပ်နှင့်မျိုးသန့်စင်ခ (၁၅၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ မိုးစပါး မမျိုးစေ့ထုတ် တောင်သူများ တက်ရောက် ခဲ့ကြောင်းသိရသည်။

 

သန်းအောင်ဇော်