ဝက်လက် စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့၌ မြို့နယ်အဆင့် ကိုဗစ် ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလေးက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အစည်းအဝေး ကျင်းပရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီးနောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန့်ဇင်လတ်က သက်ဆိုက်ရာရပ်ကွက်/ကျေးရွာ စောင့်ကြည့်ရေးစခန်းများ၌ နှာခေါင်း၊ အာခေါင်တို့ပတ်ယူရာတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးသုံး ပစ္စည်းများ ဖြစ်သော တစ်ခါသုံးဖိနပ်များ၊ မျက်မှန်များနှင့် ကျန်းမာရေးသုံး လိုအပ်ချက်များ ဖြည့်ဆည်း ပေးရန်တို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက ဝက်လက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းစာရင်းများကို We love Wetlet အဖွဲ့က ဖြည့်ဆည်းလှူဒါန်း သွားမည်ဖြစ်ပါကြောင်း ပြောကြား ဆွေးနွေးခဲ့ကြ ပြီး တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဥမ္မာဝင်း(ဝက်လက်)