ပုလော၊ စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မသန်စွမ်းသူများနှင့် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့နံနက် (၁၁) နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများကို ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှု၀န်ထမ်းဦးစီးဌာန ရန်ပုံငွေမှ မသန်စွမ်းသူများအား ကိုဗစ်−၁၉ ကာလအတွင်း တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)စီ ဖြင့် (၅၉၈) ဦးအတွက် (၁၇၉၄၀၀၀၀) ကျပ် နှင့် အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား တတိယသုံးလပတ် ထောက်ပံ့ငွေကျပ် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)စီဖြင့် ဘိုးဘွား (၅၄၇) ဦးအတွက် (၁၆၄၁၀၀၀၀) ကျပ်၊ စုစုပေါင်းငွေကျပ် (၃၄၃၅၀၀၀၀) ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးသို့ လာရောက်ထုတ်ယူကြပြီး၊ အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှ မသန်စွမ်းသူများနှင့် သက်ကြီးဘိုးဘွားများ၏နေအိမ်သို့သွားရောက်၍ လက်၀ယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော၊ ပြန်/ဆက်)