ဗန်းမောက် စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးမှကော်မတီမှ တင်ဒါ အောင် မြင်သောကုမ္ပဏီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြနန္ဒာရပ်ကွက်အတွင်းရှိ ဝင်္ကပါလမ်းကွန်ကရစ်လမ်း ခင်းခြင်းလုင်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက် ဝင်္ကပါလမ်းအား ပြည်သူများသွားလာမှု လွယ်ကူအဆင် ပြေစေရန် အတွက် တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စိုးမျိုးထွန်းကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် လျက်ရှိသော လမ်းအရှည်ပေ ၁၀၇၅၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာလ ပထမပတ်မှ စတင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါလမ်းသည် ယခင်က မိုးတွင်းကာလများတွင် အများပြည်သူများ သွားလာရာ၌အခက် အခဲရှိသော လမ်းဖြစ်ပြီး ယခုလို ကွန်ကရစ်လမ်း ခင်ခြင်းဖြစ်ကြောင်း လမ်းအသုံးပြုသူများ မိဘပြည်သူများအနေဖြင့် ရာသီမရွေးဖြတ်သန်းသွား လာနိုင် မည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာ ရေးကော်မတီ အငယ်တန်းအင်ဂျင်နီယာ (၂)၊ ဦးကျော်စွာထက်က ပြောသည်။
ကျော်စွာ(ဗန်းမောက်)