မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

မတူပီ စက်တင်ဘာ ၁၇

ချင်းပြည်နယ်၊ မတူပီမြို့တွင်  ကိုဗစ်၁၉ရောဂါ တာဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ မတူပီမြို့ရှိ ရပ်ကွက် ()ရပ်ကွက်နှင့် ကျေးရွာများ၌ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ လူစည်ကားသော နေရာများ၊  စျေးများနှင့် လမ်းဆုံများ၊ ကျေးရွာများတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ရာသီအလိုက် ဖြစ်တတ်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့သည်။

ထို့နောက် ကျေးရွာအတွင်းရှိ ပြည်သူများသိရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ပိုစတာများ၊ လက်ကမ်းစာစောင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)