ဒဂုံတောင် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် ပေးအပ်သော ထောက်ပံ့ကြေးငွေ (တတိယအကြိမ်) မြောက်အား ယမန်နေ့ ညနေ(၅)နာရီ အချိန်က ပြည်သူများ လက်ဝယ်အရောက်ပေးပို့ နိုင်ရေး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေး အပ် ခဲ့ကြောင်း သိရသည်။
အဆိုပါနိုင်ငံတော်မှ ထောက်ပံ့ကြေးငွေ တတိယအကြိမ်မြောက်အား ပြည်သူများလက်ဝယ်အရောက် ပေးပို့နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက ဦးဆောင်၍ မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၅၁၄၂၆)အတွက် ငွေကျပ် သိန်းတစ်သောင်း နှစ်ရာရှစ်ဆယ့် ငါးသိန်းနှစ်သောင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ကြေးငွေများအား ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် အထူးဂရုစိုက် ပေးအပ်ကြ ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)