ဒဂုံ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ဘုရားကြီး ရပ်ကွက်၌ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ရာတွင် ကျန်ရှိသည့် ဘိုး၊ ဘွား(၈)ဦး တို့အား အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သက်ကြီးဘိုးဘွားတစ်ဦးချင်းအလိုက် ရပ်ကွက်အုပ်ချုပ်ရေး မှူး ဒေါ်ခင်သွယ်သွယ်ထွဋ်က လိုက်လံပေးအပ်ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး၊ ဘွားများအား လစဉ်နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စတုတ္ထ(၄)လပတ်အတွက် ငွေကျပ်သုံးသောင်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် ပြီးဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)