သတင်းများ

အုတ်တွင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်ရန် အထူးရဲ(၁၈၀)ဦးခန့်အပ်သွားမည်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ‌ထွေရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေးဆောင်ရွက်ရန်အတွက် အထူးရဲ(၁၈၀)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
နမ့်စန်မြို့ဝင် စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်/ထွက် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်များတွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ ဝန်ထမ်းအင်အား ထပ်မံတိုးမြှင့်ချထား၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လွိုင်ကော်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Sep 17,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်သူများအသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးခြင်း၊
ရပ်ကွက်/​ကျေးရွာ ​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည် မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 17,2020
ပဲခူးခရိုင်၊ ​ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်/​ကျေးရွာ အဖွဲ့ခွဲအဖွဲ့ဝင်များအား ​ရွေး​ကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယ​နေ့ နံနက်(၉)နာရီ အချိန်က ​​ကျောက်တံခါးမြို့အ​ခြေခံ ပညာအထက်တန်း​ကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
မောက်မယ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) ဖွင့်လှစ်ကျင်းပ
Sep 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) ဖွင့်လှစ်ခြင်းကို နမ့်ယွန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲ က ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးပိုစတာများ မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်
Sep 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးလမ်းညွှန်ချက် ပိုစတာများကို ယနေ့နံနက် ၁၀ နာရီအချိန် က ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။