သတင်းများ

တီးတိန်မြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်(ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Sep 17,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ တည်ဆောက်လျက်ရှိသည့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ တီးတိန်မြို့နယ်ဘဏ်(ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်ခြင်း လုပ်ငန်း ယနေ့တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် မြေသားကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Sep 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာတွင် ကန်သာကြီး မြေသားကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က
အင်းစိန်မြို့နယ်၌ ရေမြောင်းနှင့် စင်္ကြန်တွဲလျက်(Drain Platform)လုပ်ငန်း ဆောင်ရွက်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ ရေစီးရေလာ ကောင်းမွန်းစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရေမြောင်းနှင့် စင်္ကြန်တွဲလျက်(Drain Platform)လုပ်ငန်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဖလမ်း-ရိခေါ်ဒါရ် ကားလမ်းမရှိ ထိန်းစာန်းကျေးရွာ၌ လမ်းကြောင်းပြုပြင်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Sep 17,2020
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့်ရိခေါ်ဒါရ် မြို့တို့အား ဆက်သွယ်ထားသည့် ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်း ပြုပြင် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်ဦးဆောင်ပြီး လမ်းဦးစီးဌာနတာဝန်ခံ ဒေါ်မိုင်မာလာ၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ဦးဆလိုင်းသိန်းဌေးလွင်၊ ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာ၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၃) ဦးဗျားဇမုန်တို့အဖွဲ့သည် ယမန့်နေ့ က ဖလမ်းမြို့နယ်၊ ထိန်းစာန်း ကျေးရွာအနီး၌ နယ်မြေဒေသအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ ဖွင့်လှစ်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီမှစ၍ ညောင်လေးပင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပလျက်ရှိ‌ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ထောက်ပံ့ ပစ္စည်းများပေးအပ်
Sep 17,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကိစ္စရပ်များတွင် အသုံးပြုရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထောက်ပံ့သည့် Hand held mega phone , Thermal Scanner , Hospital suit , အဝတ် Mask များ
ဟားခါး−ဂန့်ဂေါလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်မောင်းနှင်ရာမှ ပေ(၅၀၀)ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား
Sep 17,2020
ချင်းပြည်နယ် ဟားခါးမြို့မှ (၁၃)မိုင်ခန့်အကွာ ဟားခါး−ဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာ လာသော ခြောက်ဘီးကား အဖြူရောင်ယာဉ်သည် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ယာဉ်အရှိန်လွန် မောင်းနှင်ရာမှ ပေ(၅၀၀)ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 17,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများ ပူးပေါင်းကာ ယမန်နေ့နံနက်က အရှိန်ဟုန်မြှင့်ဆောင် ရွက်ခဲ့သည်။