မိုးနဲ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးလမ်းညွှန်ချက် ပိုစတာများကို ယနေ့နံနက် ၁၀ နာရီအချိန် က ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။
အဆိုပါ ပိုစတာများကို နမ့်ခုံးရှမ်းများ ပရဟိတ မိုးနဲအသင်းခွဲမှ လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး မြန်မာဘာသာနှင့် ရှမ်းဘာသာနှစ်မျိုးလုံးဖြင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် နေ့စဉ်ဘဝမှာခပ်ခွာခွာ၊ Mask တပ်ဆင်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့ မောင်တို့မယ်တို့လိုက်နာစို့ စသည့်အသိပညာပေးပိုစတာများ ချိတ်ဆွဲပြသထားသည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော ပြည်သူများ လိုက်နာရမည့်အချက်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူများ သိရှိစေရန် အသိပေးနှိုး ဆော်ချက်များကို နေ့စဉ် အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)