မင်္ဂလာဒုံ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် တစ်အိမ်ထောင်စု လျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ ည (၇)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များထံ ပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံ ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၈၄၈၁)အတွက် တစ်အိမ်ထောင်စုလျှင် ကျပ်(၂၀၀၀၀)နှုန်း ဖြင့် စုစုပေါင်းငွေကျပ် (၃၆၉၆၂၀၀၀၀)ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇင်ငြိမ်း(ပြန်ဆက်)