အုတ်တွင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်

အုတ်တွင်း စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ (၆)ဦးမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ မဲစာရင်းပြုစုခြင်း၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြည်ပရောက်သူများ ကြိုတင်မဲပေးနိုင်ရေးအတွက် မဲစာရင်းပြုစုခြင်း၊ မဲစာရင်းရေးသွင်းခြင်း၊ မဲစာရင်း ကြေညာခြင်း၊ ကော်မရှင်အဖွဲ့ခွဲများက ဆုံးဖြတ်ဆောင်ရွက်ခြင်း၊ မဲရုံကိုယ်စားလှယ်လောင်းနှင့် အကူ ကိုယ်စားလှယ်ခန့်ထားခြင်း၊ မဲပေးရန်ပြင်ဆင်ခြင်း၊ မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း၊ မဲရုံပိတ်ချိန်တွင် ရောက်ရှိ လာသော မဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်း၊ လုံခြုံရေးတာဝန်ပေးအပ်ခြင်းနှင့် ဆန္ဒမဲရေတွက်ခြင်းစသည့် သင်ခန်းစာများကို ပို့ချသွားမည်ဖြစ်သည်။           

သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စက်တင်ဘာလ ၁၉ ရက်နေ့ထိ ၃ ရက်တိုင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

စည်သူ (ပြန်/ဆက်)