ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်ရန် အထူးရဲ(၁၈၀)ဦးခန့်အပ်သွားမည်

ကွမ်းခြံကုန်း  စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ‌ထွေရွေးကောက်ပွဲကြီးတွင်  မဲရုံလုံခြုံရေးဆောင်ရွက်ရန်အတွက် အထူးရဲ(၁၈၀)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

မြို့နယ်အတွင်း ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၃)အုပ်စု၊ ကျေးရွာခွဲပေါင်း(၁၃၅)ရွာတွင် ဆန္ဒမဲပေးနိုင်ရန် မဲရုံ(၁၈၀)ရှိပြီး မဲရုံအရေအတွက်အတိုင်း မဲရုံတစ်ရုံကို အထူးရဲတစ်ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အထူးရဲရွေးချယ်ခံရသူများအား လာမည့် အောက်တိုဘာလ အတွင်း သင်တန်းပေးလေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းတွင ်ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေအကြောင်းအရာများ၊ အခြေခံစစ်ရေးပြတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်သည်။ ခန့်အပ်ထားသော အထူးရဲများအနေဖြင့် မဲရုံလုံခြုံရေး၊ ဆန္ဒမဲပေးသူများ လွတ်လပ်စွာ မဲပေးနိုင်ရေး၊ မဲရုံပရဝုဏ်အတွင်း မသက်ဆိုင်သူများ ဝင်ရောက်မှု မရှိစေရေးနှင့် မဲရုံပတ်ဝန်းကျင်တွင် ဆူညံခြင်း၊ မူးယစ်ရမ်းကားခြင်း မဖြစ်ပေါ်စေရေးအတွက် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)