သတင်းများ

သန်လျင်၌ ပုံမှန်ဝင်ငွေမရှိသူများအား နိုင်ငံတော်မှပဉ္စမအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 17,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ များကို ယနေ့ နံနက်တွင် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်မှုဖြင့် လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
မိုင်းလုံမြို့၌ ရောဂါဖြစ်ပွားရာဒေသမှပြန်လာသူ (၁၀)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများ ရယူ
Sep 17,2020
ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမြစိုး၊ သားဖွားဆရာမ ဒေါ်နန်းမြဟန်နှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကော်မတီဝင်များ ပူးပေါင်း၍ ရောဂါဖြစ်ပွားရာဒေသမှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ (၁၀)ဦးထံမှ ယနေ့နံနက် (၉)နာရီခန့် က နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများ ရယူခဲ့သည်။
နောင်မွန်မြို့နယ်၌ ကဆန်ချောင်းအတွင်း လူတစ်ဦးမျောပါမှုဖြစ်ပွား
Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ယနေ့နံနက် ၅ နာရီခွဲခန့်အချိန်တွင် လမ်းဦးစီးဌာနရုံး နောက် ကဆန်ချောင်းအတွင်း လူတစ်ဦးမျောပါသွားကြောင်း သိရသည်။
ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်
Sep 17,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ပုံမှန်ဝင်‌‌ငွေမရှိသော အခြေခံ အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်သည့် တတိယအကြိမ် ထောက်ပံ့ငွေများအား အိမ်တိုင်ရာ‌ရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ပခုက္ကူမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ထုတ်ပေး
Sep 17,2020
ပခုက္ကူမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နေစဉ်အတွင်း နိုင်ငံတော် အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၌ စတင်ထုတ် ပေးသည်။
ပြင်စလူမြို့ ဆေးရုံသို့ အောက်စီဂျင်ဘူးများ လှူဒါန်း
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ဆေးရုံသို့ မဂ်လာသိဒ္ဓိ ကျောင်းတိုက်ဆရာတော် အရှင်အာနန္ဒာနှင့် နာမကျမ်းကူညီရေးအဖွဲ့ ကိုသန်းဇော်+မသီတာထွေး၊ (ကိုသိန်းထွန်း)+မမဖြူ တို့မှ အောက်စီဂျင်ဗူး (၁၀)ဗူးအား ယနေ့ နံနက် ၉ နာရီအချိန်က သွားရောက်လှူဒါန်း ပေးခဲ့သည်။
သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ အား ဆင့်ပွား သင်တန်းဖွင့်လှစ်
Sep 17,2020
၂၀၂၀ ပြည်နှစ် နိုဝင်ဘာ (၈ ) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သံဖြူဇရပ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲ ဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းကစတင်ကာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပဖွင့်လှစ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် Quarantine Centre အဖြစ်ထားရှိမည့် အ.ထ.က(၁)စာသင်ကျောင်းအား ကြည့်ရှုစစ်ဆေး
Sep 17,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် COVID-19 ရောဂါကူးစက် ပျံ့နှံမှုများမရှိ စေရေးအတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် Quarantine centre ပြန်လည်ဖွင့်လှစ်​ဆောင်ရွက်ထားရှိမည့် အ.ထ.က(၁) အခြေခံပညာအထက်တန်း ကျောင်းကို ယမန်​နေ့က မြို့နယ်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။