မောက်မယ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) ဖွင့်လှစ်ကျင်းပ

မောက်မယ်    စက်တင်ဘာ    ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) ဖွင့်လှစ်ခြင်းကို နမ့်ယွန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲ က ကျင်းပပြုလုပ်ခဲ့သည်။

ဆင့်ပွားသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်စိုး က အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်ပြီး  ဆင့်ပွားသင်တန်းသို့ တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများ က သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများ က  မေးမြန်းချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်း စွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်းအား စက်တင်ဘာ ၁၇ ရက်နေ့မှ စက်တင်ဘာ ၁၈ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)