ခေါဇာ စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ကဗျာဝကျေးရွာနှင့် ရင်းဒိန်းဝကျေးရွာတို့တွင် ယမန်နေ့က ပင်လယ်ဒီရေမြင့်တက်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကဗျာဝကျေးရွာရှိ ရေလုပ်သားအများစုနေထိုင်ကြသည့် ဝါးတိုင်၊ ဖက်မိုး ထရံကာနေအိမ်(၉)လုံး၊ ရင်းဒိန်းဝကျေးရွာရှိ ဝါးတိုင်၊ ဖက်မိုး၊ ထရံကာနေအိမ်(၁၅)လုံး၊ ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ခေါဇာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါသဘာဝဘေးသင့် မိသားစုဝင်များမှာ ၎င်းတို့၏ နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ညီချမ်း(ပြန်/ဆက်)