မိုင်းဆတ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ်အရောက် တတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်

မိုင်းဆတ်   စက်တင်ဘာ   ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အတွက် တတိယအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီ က ဌာနဆိုင်ရာတာဝန်ရှိသူတို့က ရပ်ကွက်၊ ကျေးရွာအုပ်စု များသို့ ကွင်းဆင်းထောက်ပံ့ပေးလျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၃)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄,၃၃၆,၀၀၀)သိန်းအား အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးလျှက်ရှိပြီး ကျန်ရှိသော  ရပ်ကွက်/ကျေးရွာများမှ အခြေခံလူတန်းစားအိမ်ထောင်စု (၂၁၄၈)စုအား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)