ညောင်ဦး စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးခရိုင် ၊ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ အား နိုင်ငံတော်ဓာတ်အားစနစ်မှ ၇၀ ရာခိုင်နှုန်းကျော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင် ထံမှသိရသည်။
ညောင်ဦးမြို့နယ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှကျေးရွာများမီးလင်းနိုင်ရေး အတွက် အစိုးရဘတ်ဂျက်ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၃ရက်နေ့ တွင် ကန်နီပေါက်ကျေးရွာ၊ကျောက်ကန်ကျေးရွာ၊ မကျီးတန်းကျေးရွာများ လျှပ်စစ်ဓာတ် အားတပြိုင်တည်းပေးနိုင်ခဲ့ခြင်း၊စက်တင်ဘာ ၁၆ရက်နေ့တွင် ဒဟတ်ကန်ကျေးရွာ၊ဒဟတ် စီးကျေးရွာ၊ မှန်တောကျေးရွာများ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ခြင်း၊စက်တင်ဘာ ၁၈ရက် နေ့တွင် ကန်ပေါက်အရှေ့ကျေးရွာနှင့် ကန်ပေါက် အနောက်ကျေးရွာတို့လျှပ်စစ်မီးပေးနိုင် ခဲ့ရာ တစ်ပတ်အတွင်း ကျေးရွာ ၈ရွာအား နိုင်ငံတော်ဓာတ်အားစနစ်မှလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်း လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်မှရှင်းပြသည်။ညောင်ဦးမြို့နယ်အ တွင်းကျေးရွာပေါင်း ၁၈၈ရွာရှိရာ စက်တင်ဘာ ၂၀ရက်နေ့ထိ ကျေးရွာ ၁၃၃ရွာအား နိုင်ငံ တော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၇၀ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်းညောင်ဦးမြို့နယ်လျှပ်စစ်မန်နေဂျာမှပြောကြားသည်။
ညောင်ဦးမြို့နယ်နှင့်ငါ့သရောက်မြို့နယ်အတွင်း ကျေးရွာများမီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှရန်ပုံငွေကျပ်သန်း (၁၅၈၀)ကျော် ကျခံသုံးစွဲလျက်ရှိကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင် ထံကသိရသည်။
ကိုထိန်၊KPD