ကျိုင်းတောင်း စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ကာလ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန် က ကျိုင်းတောင်းမြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု တို့တွင် နိုင်ငံတော် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တို့က ကိုဗစ်-၁၉ ကာလ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်ထောက်ပံ့ငွေပေးအပ်ခြင်းကို ကျိုင်းတောင်းမြို့ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ်ဖြင့် အိမ်ထောင်စု (၁၉၆)စုအတွက် စုစုပေါင်း ငွေကျပ် (၃၉၂၀၀၀၀/-)ကျပ်ကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)