ကျောက်တလုံးကြီး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က စတင်၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ကျောက်တလုံးကြီးမြို့ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက လူစုလူဝေးမဖြစ်ပေါ်ရေးအတွက် မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)အုပ်စုတို့မှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၁၄၅)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၂၉၀၀၀၀၀)ကို ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြဝင်း (ပြန်/ဆက်)