ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၈)ဦးအား မီးရထားခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေး

လားရှိုး    စက်တင်ဘာ  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်  မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့က အမျိုးသား (၃၂)ဦး၊ အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၄၈)ဦးတို့ကို ထပ်မံပို့ဆောင် ပေးနိုင်ခဲ့ပါသည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၄၈)ဦး တို့တွင် ချင်းပြည်နယ်မှ (၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၂)ဦး၊  မကွေးတိုင်းဒေသကြီးမှ (၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၃)ဦးနှင့် ရခိုင်ပြည်နယ်မှ (၂၄)ဦး  တို့ဖြစ်ကြသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများကို  စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် မေလ(၆) ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာတွင် စက်တင်ဘာလ(၂၀)ရက်နေ့အထိ  နေရပ် ပြန်ပြည်သူအမျိုးသား(၁၀၁၆၈)ဦး၊ အမျိုးသမီး (၆၃၈၄)ဦး စုစုပေါင်း (၁၆၅၅၂)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။

နန်းသန္တာဦး(ပြည်နယ်၊ပြန်/ဆက်)