တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တတိယမြောက် Quarantine Center ဖွင့်လှစ်ရန် ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်

တောင်ဥက္ကလာပ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍ ထပ်မံဖွင့်လှစ်မည့် တတိယမြောက် Quarantine Centerကို အမှတ်(၈) ရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ ပြင်ဆင်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းအောင်မှ ကြီးကြပ်၍ Quarantine Center၌ လိုအပ်သော သောက်ရေသန့်၊ ကုတင်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးစသည့် လိုအပ်မှုများကို ပြင်ဆင်ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ ထပ်မံဖွင့်လှစ်မည့် တတိယမြောက် Quarantine Center ပြင်ဆင်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာ‌ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းထက်ထက်အောင်