ပေါင်းတည်မြို့နယ်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများနှင့် အလှူရှင်များက ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်

ပေါင်းတည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဌာနဆိုင်ရာများ လူမှုရေးအသင်းများနှင့်အလှူရှင်အသင်း အဖွဲ့များက ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ကို ယနေ့ နံနက် ၉ နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုအဖြစ် ရန်ကုန်-ပြည်ကားလမ်းမဘေး မြို့နယ်ပြန်/ဆက်ရုံးရှေ့မှ စတင်၍ အဖွဲ့များခွဲကာ လူစည်ကားရာနှင့် လမ်းစုံနေရာများသို့ သွားရောက်၍ အဆိုပါအဖွဲ့များက နှာခေါင်းစည်းများ အခမဲ့ဖြန့်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပေါင်းတည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က ဦးဆောင်၍ လူမှုရေး အသင်းအဖွဲ့များက Mask ၁၅၀၀ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်ကွက်ထွေ/အုပ်စာရေး ဝန်ထမ်းများနှင့် မြို့နယ်ပြန်/ဆက် ဝန်ထမ်းများက Mask ၁၅၀၀ လက်အိတ် ၁၀၀ နှင့် သာသနာရောင်ဝါ လင်း အဖွဲ့အသင်းသား/အသင်းသူ မိသားစုမှ Mask ၅၀၀၀ တို့ကို ကိုဗစ်၁၉ ရောဂါ ထိန်းချုပ် နိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ စေတနာ့ဝန်ထမ်းအဖွဲ့များ မြို့နယ် Mask ဖမ်းဆီး ကြီးကြပ်ရေး အဖွဲ့များ၏ ပူးပေါင်းကူညီဆောင်ရွက်ပေးမှုဖြင့် ရန်ကုန်ပြည်ကား လမ်းမတစ်လျှောက်နှင့် လမ်းစုံနေရာ များတွင် ဖြတ်သန်းသွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး ခဲ့ပြီး မလိုအပ်လျှင် နေအိမ်ပြင်ပသို့ သွားလာခြင်းများ မပြုလုပ်ရေး သွားလာပါက နှာခေါင်းစည်းအား မဖြစ်မနေ စနစ်တကျ တပ်ဆင်ပေးကြပါရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်