အိမ်မဲ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် စက်တင်ဘာလ ၈ ရက်နေ့က ပထမဦးဆုံး ကိုဗစ်(၁၉)ပိုးတွေ့ရှိသော လူနာ(Case-1495)သည် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရောဂါသက်သာပျောက်ကင်းသဖြင့် မြောင်းမြဆေးရုံမှ ဆေးရုံဆင်းခွင့်ရရှိကြောင်းသိရသည်။
အဆိုပါဆေးရုံဆင်းခွင့်ရရှိသူအား ကျန်းမာရေးဦးစီးဌာနမှနေအိမ်တွင် (၇) ရက် အသွားအလာ ကန့်သတ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနှင့်ထိတွေ့ခဲ့သော ဖခင်ဖြစ်သူအား အိမ်မဲ အ-ထ-က(၁) တွင် (၁၄) ရက် အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ပြီး ဓာတ်ခွဲနမူနာ (၂) ကြိမ် ရယူစစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိခဲ့ကြောင်း၊ Facility Quarantine Camp တွင် (၁၄) ရက် ပြည့်ပြီး ဖြစ်သဖြင့် နေအိမ်အသွားအလာစောင့်ကြည့်ကာလ (၇) ဆက်လက် နေထိုင်သွားရန်နှင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ၍ နေထိုင်ကြရန် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက မှာကြားပေးပြီး နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)