မိုင်းနောင် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကို ကာကွယ်၊ ထိန်းချုပ်၊တုန့်ပြန်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်ပနှင့် အတည်ပြုလူနာ (၃)ဦးရှိသည့် ဒေသမှပြန်လည် ရောက်ရှိနေသူများ အား သက်ဆိုင်ရာ Quarantine Center များ တွင် စနစ်တကျ ထားရှိ၍ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။
မိုင်းနောင်မြို့တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မှပြန်လည်ရောက်ရှိနေသူများ ဖြစ်သော ဝမ်စိမ်းကျေးရွာ အုပ်စုမှ ကျား(၁)ဦး၊မ(၃)ဦး ၊သံဃာ(၁၃)ပါးတို့ ၏ နှာခေါင်းနှင့် အာခေါင် တို့ဖတ် များ ယူခဲ့ပြီး ဝမ်စိမ်းကျေးရွာအုပ်စုတွင် အသွားအလာ ကန့်သတ်ထား၍ ထူးခြားမှုတစ်စုံတစ်ရာရှိပါက သတင်းများကိုအချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း သိရှိရသည်။
မိုင်းနာင်ပြန်/ဆက်