နောင်မွန်းမြို့နယ်၌ လူကုန်ကူးမှုနှင့်မူးယစ်‌ ဆေးဝါးအန္တရာယ်နှင့် စာ‌ပေအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

နောင်မွန်း ဇူလိုင် ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊နောင်မွန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲကို ဇူလိုင် (၂၂) ရက် နံနက် ၁၀နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုရဲအုပ် ထူးဇော်ဟန်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ဆိုင်ရာ အသိပညာပေးကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခိုင်သက်မွန်က စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးရလာဒ်များကိုလည်း‌‌ကောင်း၊ အမျိုးသမီးရေးအဖွဲ့ အဖွဲ့ဝင်ဒေါ်မဘုဇမီရမ်နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ကူရှင်ဇမီရမ်တို့က လူကုန်ကူးမှုဆိုင်ရာတားဆီးကာကွယ်ရေး အသိပညာ‌ပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲတွင်တက်ရောက်လာကြသော ကျောင်သားကျောင်းသူများအား "လူ လူ လူ လူသည် ရောင်းကုန်မဟုတ်ပါ " လက်ကမ်းစာစောင်များဝေဌပြီး မြို့နယ်ပြန်/ဆက်ဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစ်စားကြည့်ရှုကြသည်။

ဖြူစင်