တိုက်ကြီး ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း မြို့ (၅) တွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်လင်းနိုင် ကြီးကြပ်မှုဖြင့် ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာသိန်းဇော်လတ်နှင့် ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်အာဟာရမျှတစွာ စားသုံးနိုင်ရေး အသိပညာပေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား မျက်စိအမြင်အာရုံစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းရောဂါ စစ်ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)