ညောင်ဦး ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြေနဲလေးကျေးရွာအုပ်စု၊ မြေနဲလေးကျေးရွာ ပြည်သူများအား ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကို ဇူလိုင် ၂၄ ရက်၊ နံနက် ၁၀ နာရီက မြေနဲလေးကျေးရွာ လူထုဗဟိုပြုအစည်းအဝေးခန်းမတွင် ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကော်လိတ္တော်အရာရှိ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အကျိုးပြု ရက် ၁၀၀ စီမံချက်အရ မြေနဲလေးကျေးရွာ မိဘပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးခံစားခွင့်ရရှိစေမည့် ကျေးရွာမြေငှားဂရန်များ ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် မိဘပြည်သူများ လက်ဝယ်သို့ ရောက်ရှိမည့် မြေငှားဂရန်(Lease) များသည် မိမိတို့၏ မြေယာပိုင်ဆိုင်မှုကို ဥပဒေအရ အပြည့်အဝ အကာအကွယ်ပေးမည့် အထောက်အထားဖြစ်သဖြင့် ဂရန်စာချုပ်များ မပျက်စီးအောင် စနစ်တကျထိန်းသိမ်း သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ကော်လိတ္တော်အရာရှိ) ဦးကျော်မင်းညို၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်တိုး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က ကျေးရွာမြေငှားဂရန်များကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။ထို့နောက် မြေနဲလေးကျေး ရွာဒေသခံ ပြည်သူများကိုယ်စား ရပ်မိရပ် ဦးတင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း