နောင်မွန်း ဇူလိုင် ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ ပင်စင်စား(အငြိမ်းစား) ဝန်ထမ်းများအား “ကဆန်အီသျှစ်”ဝန်ထမ်းပေါင်းစုံသမဝါယမ (လီမီတက်) အာဟာရဒါနနှင့် ကြက်သွန်(ဖြူ/နီ)များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲချိန်က နောင်မွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။
ပေးအပ်လှူဒါန်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အသင်းအမှုဆောင်ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူပေါင်း ပါဝင်ဆောင်ရွက်ခဲ့ရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇေယျက သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု အခြေအနေနှင့် ပြင်ဆင်ထားသည့်အသင်းဥပဒေ၊ စည်ကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် “ကဆန်အီသျှစ်” ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်) အမြတ်ငွေများထဲမှ ပင်စင်စား(အငြိမ်းစား) ဝန်ထမ်းများအား အဝန်ထမ်းများအား လူမူရေး၊ ကျန်းမာရေး စောင့်ရှောက်မူများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး နောင်မွန်းမြို့နယ်တွင် မြို့ပြ၊ ကာကွယ်ရေးပင်စင်စား (အငြိမ်းစား) ဝန်ထမ်း (၁၆၄) ဦးအား အာဟာရဒါနနှင့် ကြက်သွန်နီ/ဖြူတစ်ပိဿာစီ ပေးအပ်လှူဒါန်းခဲ့သည်။
ဖြူစင်