သတင်းများ

ကျိုင်းတုံမြို့နယ်တွင် စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲကျင်းပ
Feb 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ် သိန်း ၁၅၀ ဖြင့် ပန်ကြူကျေးရွာအုပ်စု၊ ဝင်းဘိုကျေးရွာ၌ စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲကို ယမန်နေ့က ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးသိန်းတန်နှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဝင် ဦးဒေးဗစ်တို့က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်
Feb 13,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ပြူတွင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
ကြံခင်းမြို့၊ အ.ထ.က (ခွဲ) ကရင်စုကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် စာအုပ်ပြပွဲကျင်းပ
Feb 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အ.ထ.က (ခွဲ) ကရင်စုကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စု​​ဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၅၀ ဦးတက်ရောက်ခဲ့သည်။
မိုင်းရှူးမြို့နယ်တွင် (၃၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်ကျင်းပ
Feb 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ ဆရာတော်၊ သံဃာတော်များ၏ ၂၀၂၄-၂၀၂၅ခုနှစ် (၃၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲ‌တော်ကို ယနေ့ မွန်းလွဲ(၁)နာရီက အမှတ်(၄)ရပ်ကွက်ရှိ ယုံးပေါင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ဟိုပုံးမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 13,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ခြင်းကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လာရပြီး လူသားများနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများအား သိရှိနားလည်စေရန်ရည်ရွယ်၍ မီးခိုးမြူငွေ့အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီ အချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုနား) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (OCV)တုံ့ပြန် ကာကွယ်ဆေးတိုက် ကျွေးခြင်းလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်
Feb 13,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (OCV)တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြဝတီခရိုင်၌  (၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပ
Feb 13,2025
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၊ မွန်ပရိယတ္တိစာသင်တိုက် ကျောင်းဝင်းတွင် ကျင်းပသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Feb 13,2025
ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  တက္ကသိုလ်အားကစားကွင်း၌ ကျင်းပသည်။