မိုင်းရှူး ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ ဆရာတော်၊ သံဃာတော်များ၏ ၂၀၂၄-၂၀၂၅ခုနှစ် (၃၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်ကို ယနေ့ မွန်းလွဲ(၁)နာရီက အမှတ်(၄)ရပ်ကွက်ရှိ ယုံးပေါင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အဆိုပါ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်ကို မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်နှင့် ကြီးကြပ်ရဟန်းတော်များက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၄၀)ကျောင်းမှ အလယ်တန်း(ပထမနှစ်)၊ (ဒုတိယနှစ်)၊ အခြေခံမူလတန်း(ပထမနှစ်)၊ (ဒုတိယနှစ်)၊ (တတိယနှစ်) စုစုပေါင်း စာဖြေသာမဏေ(၆၅၇)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဆွမ်း၊ ဝေယျာဝိစ္စများနှင့် နဝကမ္မလှူဖွယ်ပစ္စည်းများကို ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့်အလှူရှင်တို့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့ထိ ရက်အလိုက် အလှည့်ကျဒါနကုသိုလ်၊ လုပ်အားကုသိုလ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)