တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာမပျက် စုပေါင်းထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 13,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာမပျက် စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၂)နာရီအချိန်တွင် တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ ရခိုင်ဘုရားကြီးဝန်း၌ ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အသီးသီးမှ ပြိုင်ပွဲဝင် အသင်းသားများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။