(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား သာကေတမြို့နယ်၌ ကျင်းပ
Feb 13,2025
၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ရာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးကျော်ထွန်း၊ သာကေတမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင်(၂)ဦးညွှန့်ဝေ၊ အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခေတ္တမြို့နယ်မှူးဦးစံသိန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးညွှန့်ဝေနှင့်မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။