သတင်းများ

ငဖဲမြို့နယ် ဆင်ချည်တိုင်(အ.လ.က-ခွဲ)တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 14,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ် လိုရာပြည့်စုံ ရန်မျိုးလုံပေါ်တော်မူဘုရားဓမ္မာရုံ၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Feb 14,2025
မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်၊ လိုရာပြည့်စုံရန်မျိုးလုံပေါ်တော်မူ ဘုရားဓမ္မာရုံ၌ ယနေ့မွန်းလွှဲပိုင်းက စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့သည်။
ဟိုပုံးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Feb 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုနား)၌ ဆောင်ရွက်သည်။
ဟိုပုံးမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး
Feb 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) များ ထိုးနှံပေးလျက်ရှိသည်။
မင်းလှမြို့ ဥယျာဉ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 14,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့နေ့လယ် (၂)နာရီခွဲက ဥယျာဉ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်
Feb 14,2025
မွန်အမျိုးသားတို့၏ဇာတိသွေး၊ ဇာတိမာန်များရှင်သန်နိုးကြားရေးနှင့် မွန်စာပေမွန်ယဉ်ကျေးမှုများကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လိုစိတ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ကာ (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း စာသင်ကျောင်းများ မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေး သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Feb 14,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာ၌ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဖြိုးနိုင်ဦး ဦးဆောင်၍ ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲ အချိန်က လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာ၌ ကျင်းပသည်။