သတင်းများ

ပုသိမ်ကြီးမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်
Feb 13,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ အောင်မင်္ဂလာ (၁) အကွက်၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပ
Feb 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်းအတွင်း၌ မြန်မာ့ရိုးရာထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။
လောင်းလုံးမြိုနယ်အနေဖြင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ
Feb 13,2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင် လူငယ့်အားမာန်သင်တန်းကျောင်း၌ အမှတ်(၁)နှင့် အမှတ်(၂) မူလတန်းကြို ကျောင်းများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Feb 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့တွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် လူငယ့်အားမာန်သင်တန်းကျောင်း၌ အမှတ်(၁)နှင့် အမှတ်(၂)မူလတန်းကြိုကျောင်းများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
Feb 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ​ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၁၅၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
သရက်ချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Feb 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားသုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ (၂၅) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီး
Feb 13,2025
တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့၌ (၂၅)ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၁၁)ရက်နေ့ အထိ မယ်တော်ဂူ ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်၌ လယ်ယာထွက်စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဆွေးပုံပြုလုပ်နည်း ပညာပေး ဆောင်ရွက်
Feb 13,2025
တောင်သူများအနေဖြင့် လယ်ယာသုံးစွန့်ပစ်ပစ္စည်းများအား မြေဆွေးပုံပြုလုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဩဇာအဖြစ် ပြန်လည်အသုံးပြုကြခြင်းဖြင့် စိုက်ပျိုးရေးတွင် ကုန်ကျစရိတ်သက် သာစေရန်၊ ကျန်းမာရေးနှင့်ညီညွှတ်သော သဘာဝအသီးအနှံများ ထုတ်လုပ်နိုင်စေရန်နှင့် စွန့်ပစ်ပစ္စည်းများအား မီးရှို့ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့ကို လျှော့နည်းစေရန်ရည်ရွယ်၍ လယ်ယာသုံးစွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲရိုးနှင့် အခြားသီးနှံများမှ စွန့်ပစ်ပစ္စည်းတို့ကိုအခြေခံ၍ ပြုလုပ်နိုင်သည့် ဘိုကာချီမြေဆွေးပြုလုပ်နည်း အသိပညာပေးပြသဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကုန်းအောက်တောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌ ယမန်နေ့က ပြသဆောင်ရွက်ကြကြောင်း သိရသည်။