မြဝတီခရိုင်၌  (၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၊ မွန်ပရိယတ္တိစာသင်တိုက် ကျောင်းဝင်းတွင် ကျင်းပသည်။

ဦးစွာ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။

ဆက်လက်၍ မွန်အမျိုးသားအလံအား  အလေးပြုခြင်းဆောင်ရွက်ပြီး  မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ သဘာပတိကြီး ဦးမင်းအုန်းဖေက အဖွင့်အမှာစကားပြောကြားပေးပြီး မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးမှုတ်က မွန်စာပေနှင့်ယဥ်ကျေးမှုဆိုင်ရာများ၊ မွန်အမျိုးသားနေ့နှင့် ပတ်သက်သည့်အကြောင်း အရာများဖြင့် မိန့်ခွန်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်ကြသည့် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်အမျိုးသာနေ့ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ခံများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက မွန်ယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်‌ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)