တောင်ငူ ဖေဖော်ဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်အားကစား ပြိုင်ပွဲဝင်ကစားသမားများကို အားပေးစကားနှင့် အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ၊ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် အကောင်းဆုံး ဂိုးဖမ်းသမားဆုများချီးမြှင့်သည်။
တောင်ငူတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း(၈)သင်း ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)