ပုသိမ်ကြီးမြို့နယ်တွင် ဘဝအသိ စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး
Feb 13,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ မိုင်ကုန်းကျေးရွာတွင် ဘဝအသိ စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ယနေ့နံနက် ၁၀နာရီက အဆိုပါစာကြည့်တိုက်သို့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူ၊ မြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့်တကွ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။