ချောက်မြို့ အ.မ.က (၈၀) ရွှေသူဌေးကုန်းကျောင်း၌ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Feb 14,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်စွမ်းရည်မြှင့်တင်ရေးနှင့် စာဖတ်သည့်အလေ့အထများဖြစ်ပေါ်လာစေရေးရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို အ.မ.က(၈၀)ရွှေသူဌေးကုန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။