စေတုတ္တရာ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ၏ ကျောင်းတွင်းညဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနားကို မူလတန်းကြိုကျောင်းတွင် ယမန်နေ့ နံနက် (၉) အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ကျောင်းအုပ်ဆရာမ ဒေါ်ဖြိုးဖြိုးဝေက မူလတန်းကြိုကျောင်းရှိ သားငယ်/သမီးငယ်လေးများ၏ ညဏစွမ်းရည်မြင့်မားစေရန်အတွက် ကလေးများအား အထက်ဆင့် ပုံပြင်ရွတ်ဆိုပြိုင်ပွဲတွင် "ခြင်္သေ့နှင့်ကြွက်"ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အငယ်ဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် "ဆင်ကလေးဖြူဖွေး"ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အထက်ဆင့် သီချင်းဆိုပြိုင်ပွဲတွင် "ကလေးများနေ့" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အငယ်ဆင့် သီချင်းဆိုပြိုင်ပွဲတွင် "ယုန်နှင့်လိပ်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် "ဂုဏ်ပြုကြစို့" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အငယ်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် "ဆင်" ခေါင်းစဉ်ဖြင့်လည်ကောင်း စသည့်ပြိုင်ပွဲအသီးသီး ပါဝင်ယှဉ်ပြိုင်စေခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ဖြိုးဖြိုးဝေနှင့် သင်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်သည်။
ဆန်းကိုကို(ပြန်/ဆက်)