တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ စတင်ဖြေဆို

တန့်ယန်း ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၏ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ ပထမနေ့ ဝိနည်းဘာသာကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပဖြေဆိုခဲ့ကြသည်။

အဆိုပါ စာမေးပွဲကြီးကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက်ဆရာတော်  သာသနဓဇဓမ္မာစရိယ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယ၊ ကံဝိန်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာသာမိနှင့် ဆရာတော်ကြီးများဦးဆောင်၍ ကျင်းပပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ သံဃာအပါး (၆၂၉)ပါးနှင့် လူပုဂ္ဂိုလ် (၅၉)ဦးတို့ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။       

မင်းလွင်ဦး(တန့်ယန်း)