မိုင်းစံ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်း၌ ယမန်နေ့ ည (၇) နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်ခဲ့ကြောင်းသည်။
ထိုသို့ လှည့်လည်နှိုးဆော်ခြင်းကို မိုင်းစံမြို့ မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦးစိုင်းအောင်လှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိနေအိမ်များ၊ ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်၊ ဈေးဆိုင်ပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ မီးလောင်ကျွမ်းမှု မီးလန့်မှုများမဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် မီးချိတ်၊မီးကတ်၊ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်၊ ထမင်း ဟင်းများ ချက်ပြုတ်ပြီးပါက မီးဖိုချောင်အတွင်းရှိ မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ထားရှိရန်၊ ဈေးဆိုင်တွင် လူမရှိသည့်အခါ လျှပ်စစ်မိန်းခလုတ်များပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထားရှိရန် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)