ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၇)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲကျင်းပ

ခိုလမ် ဖေဖေါ်ဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၇)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္ပပါလ စာပြန်ပွဲကို(၁၃.၂.၂၀၂၅)ရက်နေ့မှစတင်၍ (၂၁.၂.၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ထိုသို့ စာပြန်ပွဲကျင်းပရာတွင် ကိုရင်(၂၀၄)ပါး၊ သီလရှင်(၁၈)ပါးတို့အား ကြီးကြပ်ဆရာတော် အပါး(၄၀)တို့မှ ကြီးကြပ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာအားလုံးမှ စာပြန်ပွဲအတွက် အလှူငွေများ စုပေါင်းပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)