သတင်းများ

နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဖူးစားပြောင်းများ ဈေးကောင်းရရှိ
Feb 14,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိကြောင်း စိုက်ပျိုးသူ တောင်သူ ကိုသိန်းမင်းထိုက်ထံက သိရသည်။
မြို့သစ်မြို့၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်
Feb 14,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။  
မင်းဘူးမြို့၌ လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 14,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ခြောက်သွေ့သောရာသီသို့ ကူးပြောင်းလာပြီဖြစ်၍ မီးခိုးမြူငွေ့များကြောင့် လေအရည်အသွေး ကျဆင်းမှုများ ဖြစ်ပေါ်လာသည့်အတွက် လေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးနှင့် ခရိုင်မီးသတ်ဦးစီးဌာနရုံးတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲ ကျင်းပ
Feb 14,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် သံပုရာကန် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 14,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်(၈)နာရီခွဲက သံပုရာကန်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
ကံမမြို့နယ်၌ ဆန်၊ ဆေးဝါးနှင့် အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး
Feb 14,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌  စည်ပင်သာယာမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆန်ဆိုင်များ ကုန်စုံဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များတွင် ဆန်၊ ဆေးဝါးနှင့် အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ငဖဲမြို့နယ် ဆင်ချည်တိုင်(အ.လ.က-ခွဲ)တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 14,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ် လိုရာပြည့်စုံ ရန်မျိုးလုံပေါ်တော်မူဘုရားဓမ္မာရုံ၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Feb 14,2025
မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်၊ လိုရာပြည့်စုံရန်မျိုးလုံပေါ်တော်မူ ဘုရားဓမ္မာရုံ၌ ယနေ့မွန်းလွှဲပိုင်းက စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့သည်။