သတင်းများ

ဂန့်ဂေါမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 14,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ကာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ညနေ ၃ နာရီက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
သထုံမြို့နယ်၌ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ
Feb 14,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ မွန်စုရပ်ရှိ သာသနာ့ရံသီ(မွန်)ကျောင်း၌ ယမန်နေ့ တပို့တွဲလပြည့်ကျော်(၁)ရက် နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Feb 14,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ စံပြမူလတန်းကြိုကျောင်းမှကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အားကစားခန်းးမတွင် ကျင်းပခဲ့သည်။
မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်း‌ပေး
Feb 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်‌ရေး (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်‌မြေစာရင်းဦးစီးဌာန၊ ဝန်ထမ်းများထံ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 14,2025
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၈) နှစ်​မြောက် မွန်အမျိုးသားနေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီက ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းရှိ မွန်အမျိုးသားနေ့စင်မြင့်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
လွိုင်လင်မြို့ အ.ထ.က(၁)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ပါသည်။
မြစ်သားမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးသည့် တောင်သူများအား သီးနှံများပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 14,2025
မြစ်သားမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးသည့် တောင်သူများအား သီးနှံများပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
ချောက်မူလတန်းကြိုကျောင်း၌ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် နိဗ္ဗာန်‌ဈေးရောင်းပွဲတော် ကျင်းပ
Feb 14,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊​ ချောက်မြို့ မူလတန်းကြိုကျောင်း၌ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် နိဗ္ဗာန်‌ဈေးရောင်းပွဲတော်ကို ယမန်‌နေ့နံနက် ၉ နာရီခွဲအချိန်က ယင်းကျောင်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။