ချောက်မြို့ အ.မ.က (၈၀) ရွှေသူဌေးကုန်းကျောင်း၌ စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ချောက် ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်စွမ်းရည်မြှင့်တင်ရေးနှင့် စာဖတ်သည့်အလေ့အထများဖြစ်ပေါ်လာစေရေးရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို အ.မ.က(၈၀)ရွှေသူဌေးကုန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်ပြပွဲတွင် ကျောင်းသား/သူများအတွက် အသိပညာဗဟုသုတများရရှိစေမည့် သုတ/ရသစာအုပ်‌ပေါင်း (၂၀၀) အုပ် ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြပြီး မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါနှင့် ဝန်ထမ်းများက ကျောင်းသား/သူများ စာအုပ်စာပေများကို အလွယ်တကူလေ့လာနိုင်ရေး စာကြည့်တိုက်အသင်း၀င်ကတ်များ ပြုလုပ်ပေးခြင်း၊ စာအုပ်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)