မဟာအောင်မြေမြို့နယ် လိုရာပြည့်စုံ ရန်မျိုးလုံပေါ်တော်မူဘုရားဓမ္မာရုံ၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ ၁၃

မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်၊ လိုရာပြည့်စုံရန်မျိုးလုံပေါ်တော်မူ ဘုရားဓမ္မာရုံ၌ ယနေ့မွန်းလွှဲပိုင်းက စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ကြွရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်၍ တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း၊ နာယကဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်ထံမှ ၅ ပါးသီလ ခံယူဆောက်တည်ခြင်း၊ သံဃာတော်များ ရွက်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူခြင်း၊ တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ဩဝါဒကထာ နာယူခြင်း၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒကထာနာယူခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က သာသနာရေးဆိုင်ရာများ လျှောက်ထား​ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပင့်သံဃာ (၇) ပါးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီတိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာတရား နာယူ၍ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွက်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် စာအောင်သံဃာ ပထမကြီးတန်းအောင် ၅၉ ပါး၊ ပထမလတ်တန်းအောင် ၆၇ ပါး၊ ပထမငယ်တန်းအောင် ၁၃၇ ပါး၊ အခြေပြုမူလတန်းအောင် ၂၀၀ ပါး၊ စုစုပေါင်း ၄၆၃ ပါးတို့အား အောင်လက်မှတ်များ ဆက်ကပ်ခြင်းနှင့် စာအောင်သံဃာ (၄၆၃) ပါး၊ ပင့်သံဃာတော် (၇) ပါးတို့ကို သာသနာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အများပြည်သူများက ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း