ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာ၌ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဖြိုးနိုင်ဦး ဦးဆောင်၍ ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲ အချိန်က လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာမှ ဒေသခံပြည်သူ ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး စစ်ကြောင်းကြီး (၅)ကြောင်းတွင် ပါဝင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ရပ်ရွာဒေသလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစသည့်ကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဒေသခံပြည်သူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)