ဟိုပုံး ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) များ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် ဒေသအဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) များ ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် (၂၈၅)ဦး၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် (၇၈) ဦး၊ ယနေ့တွင် (၁၅) ဦး စုစုပေါင်း (၃၇၈)ဦးအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း နောက်ရက်များတွင် ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)
 
    